Monday, August 13, 2012

"တစ်ခါတုန်းက" တေးဆို-ရသ+Jenny

ရသ ဆိုထားပြီး ဂျင်းနီ featuring လိုက်ထားတဲ့သီချင်းလေးပါ
ကိုယ့်ကောင်မလေးကနိုင်ငံခြားကို

ထွက်သွားတဲ့ သူတွေအတွက်တော့ နားထောင်ရင်း ရင်ထဲမှာဆို့လာတဲ့ထိခံစားရပါတယ်
ရသက rap ဆိုထားတာ သူ့ရဲ့ဆိုပုံနဲ့ Mood က အရမ်းမိုက်ပါတယ်Featuring ကလည်းကောင်းတယ်
သီချင်းထဲမှာ ကောင်မလေးက နိုင်ငံခြားကိုထွက်သွားပြီ
 ကောင်လေးက ပြန်မဆုံနိုင်တော့ဘူးဆိုတဲ့အသိကိုမသိချင်ယောင်ဆောင်ပြီး ကောင်မလေးကိုတမ်းတနေတာပါ တမ်းတနေတဲ့အချိန်မှာ
ရန်ကုန်မြို့ကြီးမှာမိုးတွေရွာလို့ပေါ့ ကောင်လေးက
 ကောင်မလေးရဲ့ Passport ပုံလေးကိုကြည့်ရင်းလွမ်းနေတယ် ပုံလေးကလည်းဆေးတွေမှိန်နေပြီ ကောင်မလေးထွက်သွားတာတော်တော်ကြာပြီဆိုပါတော့
မိုးတွေကြားမှာ ထီးတစ်ချောင်းအောက်မှာလမ်းလျှောက်ခဲ့တာတွေ ကိုပြန်သတိရနေတယ် သူတို့မက်ခဲ့တဲ့အိပ်မက်တွေကတော့မိုးတွေနဲ့အတူ ပျက်သွားခဲ့ရပြီ
ကောင်လေးက ကောင်မလေးကိုလွမ်းရင်းဘာမှလည်းလုပ်ချင်စိတ်မရှိတော့ဘူး ညညအိပ်မက်မက်ရင်လည်း ကောင်မလေးများပြန်လာပြီလားလို့
အသည်းအသန်ထရှာမိတယ် မိုးတွေကသာ တစ်နှစ်ပြီးတစ်နှစ် ဆက်ဆက်ရွာနေပေမယ့် ကောင်မလေးကတော့ပြန်မလာဘူး သူ့အတွက်ရေးထားတဲ့ကဗျာစာရွက်တွေလည်းဝါဖန့်ဖန့်ကိုဖြစ်နေပြီ ကောင်မလေးကအဆက်အသွယ်မလုပ်တော့ chatting တွေ internet တွေမှာ လည်းကောင်မလေး ငယ်ငယ်တုန်းကနာမည်ကိုလိုက်ရှာ တယ် မတွေ့ပါဘူး ခုလည်း
သူမိုးရေထဲထိအောင်ထွက်ပြီးရှာတယ် နှုတ်ခမ်းတွေတောင်ပြာတဲ့ထိအောင်အေးနေပေမယ့်
မိုးတွေကြားမှာ မနားတမ်းရှာနေဆဲပါ ကောင်မလေးကတော့သိနိုင်ပါ မလား
ကောင်လေးအရမ်းခံစားနေရတာကို နားလည်အောင် ဒီသီချင်းလေးကိုနားဆင်ကြည့်လိုက်ပါဦး
ကျွန်တော်အကြိုက်ဆုံးထဲကတစ်ပုဒ်ပါပဲဗျာ

သီချင်း
http://db.tt/xDmRxU2H
စားသား
http://db.tt/ZgzMYOZM

3 comments:

  1. ကျွန်တော်က Rap နဲ့ Alter တွေကြိုက်တယ်ဗျ..
    ဒိုးလုံးတို့ လှိုင်ဦးမော်တို့ရော တင်ပေးပါဦး တစ်ပုဒ်နှစ်ပုဒ်လောက်ပါ..

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ လိုင်းစုံ ခံစားပေးသွားမှာပါ..
      နည်းနည်းလောက်တော့ စိတ်ရှည်ပေးပါခင်ဗျာ

      Delete
  2. ကြိုက်ချက်တော်... ရွာသူ နိုင်ငံခြားကနေတောင် ပြန်ပြေးလာချင်စိတ်ပေါက်တယ်.. တကယ်.. တကယ်.. (just kidding. :D , I like this song! So pity guys! Can't meet again till now. Still walking in the rain.. Thanks! )

    ReplyDelete