Saturday, August 25, 2012

လွမ်းနေပါတယ်…..


 

လွမ်းနေပါတယ်…..

အလွမ်းဓာတ်ခံရှိတဲ့ သီချင်းချစ်သူများကို ရင်ကွဲပက်လက်လွမ်းဖို့အတွက်၊ ကိုယ့်စိတ်ကို အဆုံးအစမဲ့ ပေါက်ကွဲစေနိုင်ဖို့အတွက်……ဒီသီချင်းလေးကို ရွေးပြီးတင်ဆက်ပေးလိုက်ပါတယ်…….
ဂီတတူရိယာတွေထဲမှာ လူ့စိတ်ကို လွမ်းဆွတ်မှုအပေးဆုံးက “ တယော” သံပါ…….
တေးသံရှင် လှိုင်ဦးမော်က… ဒါကိုကောင်းကောင်းအသုံးချသွားပါတယ်………………
သီချင်းရဲ့ အစ intro မှာကတည်းက တယောသံလေးနဲ့ လွမ်းစိတ်လေးပျိုးထားပေးပါတယ်…..
¾ တိုင်ပင်လေးနဲ့ တမူထူးခြားစွာ ဖွဲ့နွဲ့ထားတဲ့ စာသားလေးတွေက…… ဟိုးအရင် ပျော်ရွှင်ခဲ့တဲ့ အတိတ်ဘဝကို ချက်ချင်း အမှတ်ရစေပါတယ်….သီချင်းရဲ့အနှစ်သာရကို ပိုမိုအသက်သွင်းပေးလိုက်တာကတော့…… head voice လေးနဲ့ ဆိုသွားတဲ့နေရာလေးတွေပါ……..
သူဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် …. ဘယ်လောက်ပဲ ရက်စက်စွာထားခဲ့စမ်းပါစေ……ကိုယ့်အချစ်တွေဟာ အရင်အတိုင်းပါပဲ……………..
ခံနိုင်အားမရှိပေမယ့် ဆက်ချစ်နေပါမယ့်ချစ်သူရယ်……..ဘယ်လောက်ပဲနင့်နေအောင် ခံစားနေရပါစေ…ရုန်းမထွက်ပါရစေနဲ့…. ချစ်လွန်းလို့ပါ………………………………
ဒါပေမယ့် တဖြည်းဖြည်းဝေးသွားခဲ့ရင် နင်ငါ့ကို မေ့သွားမှာလား.ဟင်…..
ငါ့စိတ်တွေထဲမှာတော့ အရင်အတိုင်းလေးပဲနေချင်တယ်…………………..
ငါ့ခံစားချက်တွေကို …..နင်မယုံဘူးလားဟင်………
ဝိုးတဝါးညတွေများစွာနဲ့…. အရင်အတိုင်းပဲ လွမ်းနေပါတယ်…………………..ချစ်သူ

                   သီချင်းနားဆင်နိုင်ရန်

No comments:

Post a Comment