Friday, August 10, 2012

"စက္ကူလေတံခွန်" တေးဆို-အငဲ

ဒီသီချင်းကို တေးရေးမြင့်မိုးအောင်ရေးထားပြီး ကိုအငဲဆိုထားတာပါ
သီချင်းထဲမှာ ကောင်လေးဟာသူ့ရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီ

သူသွားရတော့မယ် (ဒီသီချင်းက "နောက်ဆုံးမိနစ်" သီချင်းနဲ့ အဓိပ္ပါယ်ကွဲပါတယ်)
ကောင်မလေးကသူ့ဘေးမှာငိုနေပါတယ် ကြမ္မာဆိုးတွေကြောင့်
ကောင်လေးဟာနလံမထူနိုင်အောင် ခံစားနေရပြီး သွားရတော့မှာပါ
သူမသွားခင်မှာကောင်မလေးကို စိတ်ဓာတ်မကျဖို့ လောကဓံကို တစ်ယောက်တည်းနဲ့
ကြံ့ကြံ့ ခံရင်ဆိုင်ဖို့ ပေါ့ ရှေ့ဆက်မဲ့လမ်းတွေမှာ ရဲရဲရင့်ရင့် လျှောက်လှမ်းဖို့ မှာနေတယ်
အဲဒီအချိန်မှာ သူအာရုံထဲမှာ လေတံခွန်လေးတစ်ခု ကြိုးပြတ်သွားတာကိုမြင်လိုက်မိတယ် သူတို့နှစ်ယောက်ဝေးရတော့မယ်ဆိုတာကို
ကောင်လေးသိလိုက်ပြီ
ကောင်မလေးရေ တစ်ယောက်တည်းသာခရီးဆက်ပါတော့ တို့ရည်မှန်းထားတဲ့ပန်းတိုင်အဆုံး
ထိရောက်အောင်အားတင်းရင်ဆိုင်ပါတော့ လို့မှာတယ်
သူကတော့ လေတံခွန်တစ်ခုလိုကြိုးပြတ် လွင့်ထွက်ရတော့မှာလေသီချင်းလေးရဲ့နောက်ဆံးအပိုဒ်မှာ ဗျာ
ကောင်လေးက ကောင်မလေးကိုထပ်မှာတယ်
အရင်တုန်းက ပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုမှတ်ထားပါ ကောင်မလေးရယ် တို့နှစ်ယောက်အတူယုံကြည်စွာတည်ဆောက်မဲ့ ကမ္ဘာ ကိုနင်တစ်ယောက်ဖန်ဆင်းပေးခဲ့ပါ
လို့ မှာရင်း....

သီချင်းလေးရဲ့စကားလုံးတိုင်းက ရင်ကိုလာထိတယ်ဗျာ သီချင်းအလယ်က solo လေးလည်းကောင်းတယ် chorus ကလည်း တော်တော် အော်လို့ကောင်းပါတယ်
သီချင်းလေးကိုခံစားကြည့်လိုက်ပါဦး
သီချင်းစာသားရယူရန်http://db.tt/ydbuOczS  သီချင်းကိုနားဆင်နိုင်ရန်http://db.tt/u7WGErXb

No comments:

Post a Comment