သီချင်းထဲမှာ ကောင်မလေးတစ်ယောက် ငိုနေ ရှိုက်နေတာကိုတွေ့ရမှာပါ
ကောင်မလေးက သူ့ချစ်သူနဲ့ပြတ်သွားတာ..
ငိုနေတယ်.. သီဆိုသူက ကောင်မလေးကို နှစ်သိမ့်ပေးတဲ့နေရာကနေဆိုထားတာ
ပါးပေါ်မှာ မျက်ရည်တွေနဲ့ ကောင်မလေးရယ် နင်မျှော်လင့်နေတာကိုသိပါတယ်
ဒါပေမယ့် သူ့ကိုပဲ ကြိတ်မှိတ်တမ်းတမနေပါနဲ့..
သူ့ကို အစွန်းရောက်တဲ့ထိစွဲလန်းပြီး ကိုယ့်ကိုယ်ကိုအနစ်မွန်းမခံပါနဲ့..
မင်းရဲ့မျက်လုံးလေးတွေမှိတ်ပြီးအိပ်ပစ်လိုက်ပါ.. မင်းအလွမ်းတွေကြောင့် ငါရင်မောနေရပြီကွယ်
မင်းငိုနေရင်လည်းသူကတော့ ပြန်လာနှစ်သိမ့်မှာမဟုတ်ပါဘူး...
မင်းအတွက် သူ့မှာ ကိုယ်ချင်းစာစိတ်လုံးဝကိုမရှိပါဘူးကွယ်..
မင်းရှေ့မှာရှိတဲ့ လှပတဲ့မိုးကောင်းကင်ကြီးကိုကြည့်ပြီး မင်းဘ၀ကို ဆက်လက်ပျံသန်းဖို့
အားမွေးရင်း ခေါင်းပြန်မော့လိုက်ပါ လို့နှစ်သိမ့်ပေးထားတာပါ..
သီချင်းလေးက အရမ်းကောင်းပါတယ်.. ဆိုလို့လည်းလွယ်ပါတယ်.. နားထောင်လို့လည်းကောင်းပါတယ်
နားထဲကိုလျှောခနဲဝင်သွားတော့ သီချင်းရဲ့အဓိပါယ်လေးကိုသိတော့ နားထောင်ရတာ
ပိုပြီး အရသာရှိလာမှာပါ..
နားဆင်ကြည့်လိုက်ပါဦးဗျာ....
သီချင်းနားထောင်နိုင်ရန်
သီချင်းစာသားရယူရန်
No comments:
Post a Comment