သီချင်းကပေးတဲ့ Feeling က စိတ်လေပြီးနောင်တရနေတဲ့ ခံစားမှုမျိုးပါ
ဒီသီချင်းထဲမှာကောင်လေးက နောင်တရစိတ်လေပြီး ညည်းနေတယ် အချိန်ကတော့ ညတစ်ညမှာပါ လေတွေကတိုက် ပတ်ဝန်းကျင်မှာတိတ်ဆိတ်ပြီး ကောင်းကင်ကိုကြည့်လိုက်တော့လည်း တိမ်တွေကလွင့်လို့ပေါ့
ကောင်လေးက သူ့ဘဝကြီးကိုတိုးတက်အောင်လုပ်
ကြိုးစားသလောက်လည်းအရာမထင် ဆုံးရှုံးမှုတွေကြုံလာတဲ့အခါကျမှ သူနောင်တရလာတယ် သူ့ကိုမျှော်နေမဲ့ချစ်သူ ဆီကိုပြန်ဖို့ အခြေအနေကလည်းမပေးတော့ဘူး
အဲဒီအချိန်မှာ နောင်တတွေနဲ့ပေါ့ တိမ်တွေကလွင့်ပြီးကောင်မလေးရှိရာကိုသွားနေကြပေမယ့်
ကောင်လေးကတော့ပါမသွားရှာဘူးလေ
ခုချိန်မှာကောင်လေးရင်ထဲမှာ တောင့်တနေတာကတော့
ကောင်မလေးနဲ့သာပြန်ဆုံရင်တော့ ဆိုတဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်
နောက်ဆုံးကောင်လေးအမြင်မှန်ရသွာ
သူတကယ်ရင်နာနာနဲ့ခံစားနေရတာကိုသီချင်းလေးထဲမှာ နားဆင်ကြည့်နိုင်ပါတယ်
သီချင်းစာသားရယူရန်http://db.tt/kLH0YfG7 သီချင်းနားဆင်နိုင်ရန်http://db.tt/Lz7F45vt
No comments:
Post a Comment