Thursday, August 9, 2012

"နောက်ဆုံးမိနစ်" တေးဆို-အငဲ

မောင်မောင်ဇော်လတ်ရေးပြီး ကိုအငဲ ဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ပါ
သီချင်းအေးအေးလေးတစ်ပုဒ်ပါပဲ
သီချင်းထဲမှာ ကောင်လေးက သူ့ရဲ့နောက်ဆုံးအခြေအနေကိုရောက်နေပြီ

နေလုံးကြီးကလည်းဝင်ခါနီးပြီ ငှက်ကလေးတွေရဲ့သီချင်းဆိုသံကိုလည်းမကြားနိုင်တော့ဘူး
သူအိပ်ပျော်သွားရင် ပြန်မနိုးတော့မှာကိုလည်းကြောက်နေတယ်
သူ့ရဲ့နောက်ဆုံးအချိန် မှာ သူ့ကောင်မလေးဆီက နောက်ဆုံး အနမ်းလေးတွေနဲ့နှစ်သိမ့်ပေးဖို့ သူ့ကိုထွေးပွေ့ထားဖို့ကိုတောင်းဆိုနေတယ်တောင်းဆိုနေတာက သူ့ကောင်မလေးကိုတောင်းဆိုနေတာမဟုတ်ပါဘူး
ကံကြမ္မာကိုတောင်းဆိုနေတာပါ
ဒုတိယ အပိုဒ်မှာ ကောင်လေးရဲ့ဝေဒနာတွေပိုဆိုးလာပြီ
 ကောင်မလေးက သူ့ကိုထွေးပွေ့ထားတောင်မှ သူပြန်စုပ်ကိုင်ဖို့ အားမရှိဘူး ပြန်လွတ်ထွက်မသွားဖို့ကိုမနည်းအားတင်းနေရတယ်

သူအမြင်တွေမှုံဝါးလာပြီ တဲ့ ဒါပေမယ့် မှုံဝါးတဲ့မြင်ကွင်း တွေကြားကနေသူ့ကောင်မလေးမျက်နှာကို မြင်ချင်သေးလို့ ကြိုးစားအားတင်းနေရှာတယ်
သူအိပ်ပျော်သွားရင် ပြန်ပြီးနိုးမနိုးကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး
သူ့ရဲ့ကြေကွဲစရာ "နောက်ဆုံးမိနစ် " လေးကိုနားဆင်ခံစားကြည့်လိုက်ပါဦး
ကိုအငဲက Mood အပြည့်နဲ့ဆိုထားတာဆိုတော့ အရမ်းခံစားရတယ်ဗျာသီချင်းစာသားကိုယူရန်http://db.tt/P3I3nj2I သီချင်းကိုနားဆင်နိုင်ရန်http://db.tt/9yoBbt6Q

No comments:

Post a Comment