ဒီသီချင်းလေးက ဆရာစိုင်းခမ်းလိတ် ရေးထားပြီး မူရင်းအဆိုရှင်က စိုင်းထီးဆိုင်ဖြစ်ပါတယ်..
စပေါ်ကာစကတည်းက Alter ဆန်ဆန် လေးပါပဲ..
နောက်ပိုင်းမှာတော့ အလွမ်းရဲ့ည (၁) ထဲမှာ Big Bag ရယ်၊မောင်မောင်ဇော်လတ်ရယ်၊Antibiotic ရယ်ပြန်ဆိုထားတာပါ.. Version ပြောင်းထားတယ်ဗျ..
သီချင်းထဲမှာ လမ်းသရဲ တစ်ယောက်အကြောင်းကို ပြောထားတယ်. ဆရာစိုင်းခမ်းလိတ်က လမ်းသရဲ လို့မသုံးနှုန်းပဲနဲ့ .. Roll မြှင့်ပြီး ပလက်ဖောင်းမင်းသားလို့သုံးထားတယ်..
လမ်းသရဲပေမယ့် အခြေအနေမဲ့မဟုတ်ပါဘူး..အခြေအနေရှိတဲ့ လူတစ်ယောက်ပါ..
ညတစ်ညမှာ.. အိမ်ကဆူလို့ အိမ်ကထွက်လာခဲ့တဲ့ကောင်လေးတစ်ယောက်ပေါ့..
စိတ်ဆိုးလို့..မိဘက နှိမ်ပြောပြောပြီးဆုံးမလို့.. ထွက်လာခဲ့တယ်..ဘယ်သူ့ကိုမှလည်းဂရုမစိုက်ဘူး.
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်မှပြန်ခဲ့မယ်ပေါ့.. မျှော်လင့်ချက်ကြီးနဲ့..
ဒီလိုနဲ့ရက်ကြာလာတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့.. လူရည်ကလည်လာပြီ..
လုပ်စရာရှိတဲ့ဂွင်တွေဆိုအပိုင်လုပ်.. လုပ်ပေမယ့်လို့ သတိရှိတယ်.. အရလွယ်တိုင်းလည်းမယူတတ်ဘူး သူ့အပန်းဖြေရာကတော့ အလင်းဆိုင်လေးတွေပေါ့.. အိပ်စရာနေရာမရှိဘဲ..ခေတ်ပေါ်သီချင်းလေးတွေနားထောင်ရင်း..Feeling ခံရင်းပေါ့..
ဒါပေမယ့် အချိန်တန်တော့..လည်း အတွဲလေးရသွား...ပြီ..တော်လေး၀၀င်မဟုတ်ပေမယ့်..သူ့အတွက်တော့ကောင်းပါတယ်လို့တွေးတယ် အဲဒီလိုနဲ့.....
သူ့ရဲ့ဘ၀ကိုသီချင်းထဲမှာ နားထောင်ကြည့်လိုက်ကြပါဦး...
သီချင်းကို နားထောင်ဖို့ စိုင်းထီးဆိုင်ဆိုတဲ့သီချင်းရော New Version ရောပါတင်ပေးလိုက်တယ်..
New Version အကြောင်းနဲနဲပြောမှဖြစ်မယ်.. တစ်ပိုဒ်ချင်း ဆီကို ပုံစံတစ်မျိုးစီနဲ့ဆိုထားတာ.. တစ်ပိုဒ် ချင်းစီမှာ.. Feeling တစ်မျိုးစီပါတယ်.. နားထောင်ရတာတန်ပါတယ်.. ဆရာစိုင်းခမ်းလိတ်ပေးချင်တဲ့ ရသတွေကို လူငယ်တွေက New Version နဲ့ပေးသွားတာပါ.. သီချင်းအရသာလုံးဝပျက်သွားတာ သရုပ်ပျက်သွားတာမရှိပါဘူ.. ယခင်ကော ယခုကောတစ်မျိုးစီကောင်းပါတယ်.. ကြိုက်ကြမှာပါ...
Old Version (By စိုင်းထီးဆိုင်)သီချင်းရယူရန်
New Version (By Big Bag, မောင်မောင်ဇော်လတ်, Antibiotic)သီချင်း ရယူရန်
သီချင်းစာသားရယူရန်
http://db.tt/1DGgB03y
No comments:
Post a Comment