Saturday, August 18, 2012

"ခုနှစ်နာရီ" တေးဆို-Big Bag

ဒီသီချင်းလေးက ဟန်ထူးလွင် ဆိုထားတာ သီချင်းက punk style လေးနဲ့ ဆိုတာမြန်တယ် သေချာနားမထောင်ရင်ဘာမှန်းကိုသိလိုက်မှာမဟုတ်ဘူး
သီချင်းထဲမှာ
ကောင်လေးက ကောင်မလေးကိုထိုင်စောင့်နေတာ
၇နုရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီတဲ့ သူကထမင်းတွေဟင်းတွေ ချက်ပြီးစောင့်နေတာ
အေးကုန်ပြီပေါ့
 အိမ်ကလူတွေက ကောင်လေးကိုဖြောင့်ဖြကြတယ်
 ကောင်မလေးမရှိတော့ဘူးသေသွားပြီလို့ပြောတယ်
အဲလိုပြောရင်ကောင်လေးကပြန်ပြောတယ်အဲလိုမစကြပါနဲ့ အရမ်းစိတ်ဆိုးတယ်တဲ့
နာရေးသတင်းကိုပြတော့လည်း အဲဒီနာမည်ဟာကောင်မလေး မဖြစ်နိုင်ဘူး လို့ပြန်ပြောရှာတယ်
လောကထဲမှာကောင်မလေးအချစ်ဆုံးကကောင်လေးတစ်ယောက်ပဲရှိ တာဆိုတော့ တစ်နေ့တော့ ပြန်လာမှာပဲလို့ပြန်ပြောတယ်
ဒါပေမယ့် ကောင်လေးကတော့ အိမ်ရှေ့တံခါးဝမှာ ထိုင်စောင့်နေတုန်းပါပဲ
ကောင်လေးစိတ်ထဲမှာတွေးနေတယ် " ကောင်မလေးရယ် ၇နာရီထိုးပြီး နေပြီကွယ် ဘာကြာင့်ပြန်မလာသေးတာလဲ"
နင်ပြန်မလာတာ ငါးနှစ်တောင် ကျော်နေပြီကွယ်" တဲ့
သီချင်းကသနားစရာလေးပါဗျာ
သေချနားထောင်ကြည့်မှ သီချင်းလေးရဲ့အဓိပ္ပါယ်ကိုခံစားမိမှာပါ   သီချင်းကိုနားဆင်နိုင်ရန်
http://db.tt/rA7gZIjTသီချင်းစာသားရယူရန်http://db.tt/FGg7i3bA  

No comments:

Post a Comment