Saturday, August 25, 2012

လွမ်းနေပါတယ်…..


 

လွမ်းနေပါတယ်…..

အလွမ်းဓာတ်ခံရှိတဲ့ သီချင်းချစ်သူများကို ရင်ကွဲပက်လက်လွမ်းဖို့အတွက်၊ ကိုယ့်စိတ်ကို အဆုံးအစမဲ့ ပေါက်ကွဲစေနိုင်ဖို့အတွက်……ဒီသီချင်းလေးကို ရွေးပြီးတင်ဆက်ပေးလိုက်ပါတယ်…….
ဂီတတူရိယာတွေထဲမှာ လူ့စိတ်ကို လွမ်းဆွတ်မှုအပေးဆုံးက “ တယော” သံပါ…….
တေးသံရှင် လှိုင်ဦးမော်က… ဒါကိုကောင်းကောင်းအသုံးချသွားပါတယ်………………
သီချင်းရဲ့ အစ intro မှာကတည်းက တယောသံလေးနဲ့ လွမ်းစိတ်လေးပျိုးထားပေးပါတယ်…..
¾ တိုင်ပင်လေးနဲ့ တမူထူးခြားစွာ ဖွဲ့နွဲ့ထားတဲ့ စာသားလေးတွေက…… ဟိုးအရင် ပျော်ရွှင်ခဲ့တဲ့ အတိတ်ဘဝကို ချက်ချင်း အမှတ်ရစေပါတယ်….သီချင်းရဲ့အနှစ်သာရကို ပိုမိုအသက်သွင်းပေးလိုက်တာကတော့…… head voice လေးနဲ့ ဆိုသွားတဲ့နေရာလေးတွေပါ……..
သူဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် …. ဘယ်လောက်ပဲ ရက်စက်စွာထားခဲ့စမ်းပါစေ……ကိုယ့်အချစ်တွေဟာ အရင်အတိုင်းပါပဲ……………..
ခံနိုင်အားမရှိပေမယ့် ဆက်ချစ်နေပါမယ့်ချစ်သူရယ်……..ဘယ်လောက်ပဲနင့်နေအောင် ခံစားနေရပါစေ…ရုန်းမထွက်ပါရစေနဲ့…. ချစ်လွန်းလို့ပါ………………………………
ဒါပေမယ့် တဖြည်းဖြည်းဝေးသွားခဲ့ရင် နင်ငါ့ကို မေ့သွားမှာလား.ဟင်…..
ငါ့စိတ်တွေထဲမှာတော့ အရင်အတိုင်းလေးပဲနေချင်တယ်…………………..
ငါ့ခံစားချက်တွေကို …..နင်မယုံဘူးလားဟင်………
ဝိုးတဝါးညတွေများစွာနဲ့…. အရင်အတိုင်းပဲ လွမ်းနေပါတယ်…………………..ချစ်သူ

                   သီချင်းနားဆင်နိုင်ရန်

"ပလက်ဖောင်းမင်းသား" (2 Version)

ဒီသီချင်းလေးက ဆရာစိုင်းခမ်းလိတ် ရေးထားပြီး မူရင်းအဆိုရှင်က စိုင်းထီးဆိုင်ဖြစ်ပါတယ်..
စပေါ်ကာစကတည်းက Alter ဆန်ဆန် လေးပါပဲ..
နောက်ပိုင်းမှာတော့ အလွမ်းရဲ့ည (၁) ထဲမှာ Big Bag ရယ်၊မောင်မောင်ဇော်လတ်ရယ်၊Antibiotic ရယ်ပြန်ဆိုထားတာပါ.. Version ပြောင်းထားတယ်ဗျ..
သီချင်းထဲမှာ လမ်းသရဲ တစ်ယောက်အကြောင်းကို ပြောထားတယ်. ဆရာစိုင်းခမ်းလိတ်က လမ်းသရဲ လို့မသုံးနှုန်းပဲနဲ့ .. Roll မြှင့်ပြီး ပလက်ဖောင်းမင်းသားလို့သုံးထားတယ်..
လမ်းသရဲပေမယ့် အခြေအနေမဲ့မဟုတ်ပါဘူး..အခြေအနေရှိတဲ့ လူတစ်ယောက်ပါ..
ညတစ်ညမှာ.. အိမ်ကဆူလို့ အိမ်ကထွက်လာခဲ့တဲ့ကောင်လေးတစ်ယောက်ပေါ့..
စိတ်ဆိုးလို့..မိဘက နှိမ်ပြောပြောပြီးဆုံးမလို့.. ထွက်လာခဲ့တယ်..ဘယ်သူ့ကိုမှလည်းဂရုမစိုက်ဘူး.
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်မှပြန်ခဲ့မယ်ပေါ့.. မျှော်လင့်ချက်ကြီးနဲ့..
ဒီလိုနဲ့ရက်ကြာလာတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့.. လူရည်ကလည်လာပြီ..
လုပ်စရာရှိတဲ့ဂွင်တွေဆိုအပိုင်လုပ်..  လုပ်ပေမယ့်လို့ သတိရှိတယ်.. အရလွယ်တိုင်းလည်းမယူတတ်ဘူး  သူ့အပန်းဖြေရာကတော့ အလင်းဆိုင်လေးတွေပေါ့.. အိပ်စရာနေရာမရှိဘဲ..ခေတ်ပေါ်သီချင်းလေးတွေနားထောင်ရင်း..Feeling ခံရင်းပေါ့..
ဒါပေမယ့်  အချိန်တန်တော့..လည်း  အတွဲလေးရသွား...ပြီ..တော်လေး၀၀င်မဟုတ်ပေမယ့်..သူ့အတွက်တော့ကောင်းပါတယ်လို့တွေးတယ် အဲဒီလိုနဲ့.....
 သူ့ရဲ့ဘ၀ကိုသီချင်းထဲမှာ နားထောင်ကြည့်လိုက်ကြပါဦး...
သီချင်းကို နားထောင်ဖို့ စိုင်းထီးဆိုင်ဆိုတဲ့သီချင်းရော New Version ရောပါတင်ပေးလိုက်တယ်..
New Version အကြောင်းနဲနဲပြောမှဖြစ်မယ်.. တစ်ပိုဒ်ချင်း ဆီကို ပုံစံတစ်မျိုးစီနဲ့ဆိုထားတာ.. တစ်ပိုဒ် ချင်းစီမှာ.. Feeling တစ်မျိုးစီပါတယ်.. နားထောင်ရတာတန်ပါတယ်.. ဆရာစိုင်းခမ်းလိတ်ပေးချင်တဲ့ ရသတွေကို လူငယ်တွေက New Version နဲ့ပေးသွားတာပါ.. သီချင်းအရသာလုံးဝပျက်သွားတာ သရုပ်ပျက်သွားတာမရှိပါဘူ.. ယခင်ကော ယခုကောတစ်မျိုးစီကောင်းပါတယ်.. ကြိုက်ကြမှာပါ...
  
                Old Version (By စိုင်းထီးဆိုင်)သီချင်းရယူရန်
                New Version (By Big Bag, မောင်မောင်ဇော်လတ်, Antibiotic)သီချင်း ရယူရန်
                သီချင်းစာသားရယူရန်
http://db.tt/1DGgB03y

"မဆုံတဲ့ဖူးစာ" တေးဆို-၀ိုင်ဝိုင်း

ဒီသီချင်းက ၀ိုင်ဝိုင်း ဆိုပြီး ကိုအငဲ ရေးထားတဲ့သီချင်းလေးပါ
သီချင်းထဲမှာ ကောင်မလေးတစ်ယောက် ငိုနေ ရှိုက်နေတာကိုတွေ့ရမှာပါ
ကောင်မလေးက သူ့ချစ်သူနဲ့ပြတ်သွားတာ..
ငိုနေတယ်.. သီဆိုသူက ကောင်မလေးကို နှစ်သိမ့်ပေးတဲ့နေရာကနေဆိုထားတာ
   ပါးပေါ်မှာ မျက်ရည်တွေနဲ့ ကောင်မလေးရယ် နင်မျှော်လင့်နေတာကိုသိပါတယ်
   ဒါပေမယ့် သူ့ကိုပဲ ကြိတ်မှိတ်တမ်းတမနေပါနဲ့..
   သူ့ကို အစွန်းရောက်တဲ့ထိစွဲလန်းပြီး ကိုယ့်ကိုယ်ကိုအနစ်မွန်းမခံပါနဲ့..
   မင်းရဲ့မျက်လုံးလေးတွေမှိတ်ပြီးအိပ်ပစ်လိုက်ပါ.. မင်းအလွမ်းတွေကြောင့် ငါရင်မောနေရပြီကွယ်
   မင်းငိုနေရင်လည်းသူကတော့ ပြန်လာနှစ်သိမ့်မှာမဟုတ်ပါဘူး...
   မင်းအတွက် သူ့မှာ ကိုယ်ချင်းစာစိတ်လုံးဝကိုမရှိပါဘူးကွယ်..
   မင်းရှေ့မှာရှိတဲ့ လှပတဲ့မိုးကောင်းကင်ကြီးကိုကြည့်ပြီး မင်းဘ၀ကို ဆက်လက်ပျံသန်းဖို့
   အားမွေးရင်း ခေါင်းပြန်မော့လိုက်ပါ  လို့နှစ်သိမ့်ပေးထားတာပါ..
သီချင်းလေးက အရမ်းကောင်းပါတယ်.. ဆိုလို့လည်းလွယ်ပါတယ်.. နားထောင်လို့လည်းကောင်းပါတယ်
နားထဲကိုလျှောခနဲဝင်သွားတော့ သီချင်းရဲ့အဓိပါယ်လေးကိုသိတော့ နားထောင်ရတာ
ပိုပြီး အရသာရှိလာမှာပါ..
နားဆင်ကြည့်လိုက်ပါဦးဗျာ....

                        သီချင်းနားထောင်နိုင်ရန်
                        သီချင်းစာသားရယူရန်

Saturday, August 18, 2012

"ခုနှစ်နာရီ" တေးဆို-Big Bag

ဒီသီချင်းလေးက ဟန်ထူးလွင် ဆိုထားတာ သီချင်းက punk style လေးနဲ့ ဆိုတာမြန်တယ် သေချာနားမထောင်ရင်ဘာမှန်းကိုသိလိုက်မှာမဟုတ်ဘူး
သီချင်းထဲမှာ
ကောင်လေးက ကောင်မလေးကိုထိုင်စောင့်နေတာ
၇နုရီထိုးပြီးပြီ နင်ပြန်ရောက်ဖို့သင့်ပြီတဲ့ သူကထမင်းတွေဟင်းတွေ ချက်ပြီးစောင့်နေတာ
အေးကုန်ပြီပေါ့
 အိမ်ကလူတွေက ကောင်လေးကိုဖြောင့်ဖြကြတယ်
 ကောင်မလေးမရှိတော့ဘူးသေသွားပြီလို့ပြောတယ်
အဲလိုပြောရင်ကောင်လေးကပြန်ပြောတယ်အဲလိုမစကြပါနဲ့ အရမ်းစိတ်ဆိုးတယ်တဲ့
နာရေးသတင်းကိုပြတော့လည်း အဲဒီနာမည်ဟာကောင်မလေး မဖြစ်နိုင်ဘူး လို့ပြန်ပြောရှာတယ်
လောကထဲမှာကောင်မလေးအချစ်ဆုံးကကောင်လေးတစ်ယောက်ပဲရှိ တာဆိုတော့ တစ်နေ့တော့ ပြန်လာမှာပဲလို့ပြန်ပြောတယ်
ဒါပေမယ့် ကောင်လေးကတော့ အိမ်ရှေ့တံခါးဝမှာ ထိုင်စောင့်နေတုန်းပါပဲ
ကောင်လေးစိတ်ထဲမှာတွေးနေတယ် " ကောင်မလေးရယ် ၇နာရီထိုးပြီး နေပြီကွယ် ဘာကြာင့်ပြန်မလာသေးတာလဲ"
နင်ပြန်မလာတာ ငါးနှစ်တောင် ကျော်နေပြီကွယ်" တဲ့
သီချင်းကသနားစရာလေးပါဗျာ
သေချနားထောင်ကြည့်မှ သီချင်းလေးရဲ့အဓိပ္ပါယ်ကိုခံစားမိမှာပါ   သီချင်းကိုနားဆင်နိုင်ရန်
http://db.tt/rA7gZIjTသီချင်းစာသားရယူရန်http://db.tt/FGg7i3bA  

Monday, August 13, 2012

"တစ်ခါတုန်းက" တေးဆို-ရသ+Jenny

ရသ ဆိုထားပြီး ဂျင်းနီ featuring လိုက်ထားတဲ့သီချင်းလေးပါ
ကိုယ့်ကောင်မလေးကနိုင်ငံခြားကို

ထွက်သွားတဲ့ သူတွေအတွက်တော့ နားထောင်ရင်း ရင်ထဲမှာဆို့လာတဲ့ထိခံစားရပါတယ်
ရသက rap ဆိုထားတာ သူ့ရဲ့ဆိုပုံနဲ့ Mood က အရမ်းမိုက်ပါတယ်Featuring ကလည်းကောင်းတယ်
သီချင်းထဲမှာ ကောင်မလေးက နိုင်ငံခြားကိုထွက်သွားပြီ
 ကောင်လေးက ပြန်မဆုံနိုင်တော့ဘူးဆိုတဲ့အသိကိုမသိချင်ယောင်ဆောင်ပြီး ကောင်မလေးကိုတမ်းတနေတာပါ တမ်းတနေတဲ့အချိန်မှာ
ရန်ကုန်မြို့ကြီးမှာမိုးတွေရွာလို့ပေါ့ ကောင်လေးက
 ကောင်မလေးရဲ့ Passport ပုံလေးကိုကြည့်ရင်းလွမ်းနေတယ် ပုံလေးကလည်းဆေးတွေမှိန်နေပြီ ကောင်မလေးထွက်သွားတာတော်တော်ကြာပြီဆိုပါတော့
မိုးတွေကြားမှာ ထီးတစ်ချောင်းအောက်မှာလမ်းလျှောက်ခဲ့တာတွေ ကိုပြန်သတိရနေတယ် သူတို့မက်ခဲ့တဲ့အိပ်မက်တွေကတော့မိုးတွေနဲ့အတူ ပျက်သွားခဲ့ရပြီ
ကောင်လေးက ကောင်မလေးကိုလွမ်းရင်းဘာမှလည်းလုပ်ချင်စိတ်မရှိတော့ဘူး ညညအိပ်မက်မက်ရင်လည်း ကောင်မလေးများပြန်လာပြီလားလို့
အသည်းအသန်ထရှာမိတယ် မိုးတွေကသာ တစ်နှစ်ပြီးတစ်နှစ် ဆက်ဆက်ရွာနေပေမယ့် ကောင်မလေးကတော့ပြန်မလာဘူး သူ့အတွက်ရေးထားတဲ့ကဗျာစာရွက်တွေလည်းဝါဖန့်ဖန့်ကိုဖြစ်နေပြီ ကောင်မလေးကအဆက်အသွယ်မလုပ်တော့ chatting တွေ internet တွေမှာ လည်းကောင်မလေး ငယ်ငယ်တုန်းကနာမည်ကိုလိုက်ရှာ တယ် မတွေ့ပါဘူး ခုလည်း
သူမိုးရေထဲထိအောင်ထွက်ပြီးရှာတယ် နှုတ်ခမ်းတွေတောင်ပြာတဲ့ထိအောင်အေးနေပေမယ့်
မိုးတွေကြားမှာ မနားတမ်းရှာနေဆဲပါ ကောင်မလေးကတော့သိနိုင်ပါ မလား
ကောင်လေးအရမ်းခံစားနေရတာကို နားလည်အောင် ဒီသီချင်းလေးကိုနားဆင်ကြည့်လိုက်ပါဦး
ကျွန်တော်အကြိုက်ဆုံးထဲကတစ်ပုဒ်ပါပဲဗျာ

သီချင်း
http://db.tt/xDmRxU2H
စားသား
http://db.tt/ZgzMYOZM

Friday, August 10, 2012

"ဘွဲ့နှင်းသဘင်နေ့" တေးဆို-အရိုး

ဒီသီချင်းက အရိုးဆိုထားတဲ့သီချင်းလေးပါ
သီချင်းရဲ့အစပိုင်းမှာ ဟာသလေးတွေပျော်စရာလေးတွေနဲ့စထားပါတယ်


ဒါပေမယ့် သီချင်းကတွေးစရာတွေပါနေပါတယ်
ဘွဲ့နှင်းသဘင်တက်တဲ့ နေ့ရဲ့ စစချင်း စိတ်ခံစားမှုကိုပြောထားပါတယ် တစ်ယောက်နဲ့တစ်ယောက်စကြ နှုတ်ဆက်ကြ မိတ်ကပ်တွေအဖွေးသားနဲ့ ပဲပေးကြ ဝတ်ရုံကြီးတွေတလွှားလွှားနဲ့ ရွဲ့စောင်းနေတဲ့ခေါင်းဆောင်းတွေ
နဲ့ပေါ့ ပျော်ရွှင်နေကြတာပေါ့

ဒါပေမယ့် ဒုတိယအပိုဒ်မှာ စဉ်းစားစရာတွေစပြီးပေးပါပြီ တကယ်ပျော်ကြတာရောဟုတ်ရဲ့လား
တို့ရှေ့ဆက်ရမယ့်ရီးအတွက် ဘဝအတွက် ရော အဆင်သင့်ဖြစ်ပြီလား
ဒီအခမ်းနားကြီးပြီးဆုံးရင်ရော သူငယ်ချင်းတွေပြန်တွေ့နိုင်ဦးမှာလား
လေးငါးနှစ်လောက်မက်ခဲ့တဲ့အိပ်မက်တွေရောတကယ်ဖြစ်ရဲ့လား
တစ်ယောက်နဲ့တစ်ယောက် ပခုံးဖက် နှုတ်ဆက်ပြီး သက်ပြင်းတွေခိုးချခဲ့ တာတွေ လည်းရှိပါသေးလား
ဆရာဆရာမတွေ ကိုနှုတ်ဆက် ကန်တော့ပြီး ကျောင်းတော်ကြီးကိုကြည့်လိုက်တော့ ကိုယ်နဲ့မဆိုင်သလိုခံစားနေရပြီ
 ကျောင်းတော်ကြီးကတော့ တည်တည်ငြိမ်ငြိမ် ရင်ထဲမှာတော့ ဟာတာတာ နဲ့ ပေါ့
နောက်ဆုံးတော့ လူသစ်တွေနဲ့ပဲနေခဲ့ပါတော့ ကျောင်းတော် ကြီးရေဆိုပြီး ....

သီချင်းလေးကတော့ ပေါ့ပေါ့ပါးပါးလေးပါ  သေချာနားထောင်တော့မှ
တွေးစရာတွေပေါ်လာတာကျွန်တော်တို့ဘွဲ့ယူခဲ့ကြတုန်းကလည်း ဒီလိုပါလားလို့ပြန်တွေးမိတယ်
ကျွန်တော်တို့မတွေးမိခဲ့တဲ့ အချက်တွေကိုကိုအရိုးကတွေးပြထားတာပါ
 အဲဒီတုန်းကပျော်သလိုလိုစိတ်ရှုပ်သလိုလို လောက်ပဲရှိပါတယ်
နားထောင်ကြည့်လိုက်ပါဦးဗျာ 
ကျွန်တော်အကြိမ်ကြိမ်နားထောင်မိတဲ့သီချင်းလေးတစ်ပုဒ်ပါ
 သီချင်းစာသားရယူရန်http://db.tt/LfoRFrCo သီချင်းကိုနားဆင်နိုင်ရန်http://db.tt/m5AnXR4u

"စက္ကူလေတံခွန်" တေးဆို-အငဲ

ဒီသီချင်းကို တေးရေးမြင့်မိုးအောင်ရေးထားပြီး ကိုအငဲဆိုထားတာပါ
သီချင်းထဲမှာ ကောင်လေးဟာသူ့ရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီ

သူသွားရတော့မယ် (ဒီသီချင်းက "နောက်ဆုံးမိနစ်" သီချင်းနဲ့ အဓိပ္ပါယ်ကွဲပါတယ်)
ကောင်မလေးကသူ့ဘေးမှာငိုနေပါတယ် ကြမ္မာဆိုးတွေကြောင့်
ကောင်လေးဟာနလံမထူနိုင်အောင် ခံစားနေရပြီး သွားရတော့မှာပါ
သူမသွားခင်မှာကောင်မလေးကို စိတ်ဓာတ်မကျဖို့ လောကဓံကို တစ်ယောက်တည်းနဲ့
ကြံ့ကြံ့ ခံရင်ဆိုင်ဖို့ ပေါ့ ရှေ့ဆက်မဲ့လမ်းတွေမှာ ရဲရဲရင့်ရင့် လျှောက်လှမ်းဖို့ မှာနေတယ်
အဲဒီအချိန်မှာ သူအာရုံထဲမှာ လေတံခွန်လေးတစ်ခု ကြိုးပြတ်သွားတာကိုမြင်လိုက်မိတယ် သူတို့နှစ်ယောက်ဝေးရတော့မယ်ဆိုတာကို
ကောင်လေးသိလိုက်ပြီ
ကောင်မလေးရေ တစ်ယောက်တည်းသာခရီးဆက်ပါတော့ တို့ရည်မှန်းထားတဲ့ပန်းတိုင်အဆုံး
ထိရောက်အောင်အားတင်းရင်ဆိုင်ပါတော့ လို့မှာတယ်
သူကတော့ လေတံခွန်တစ်ခုလိုကြိုးပြတ် လွင့်ထွက်ရတော့မှာလေသီချင်းလေးရဲ့နောက်ဆံးအပိုဒ်မှာ ဗျာ
ကောင်လေးက ကောင်မလေးကိုထပ်မှာတယ်
အရင်တုန်းက ပျော်ရွှင်ခဲ့တဲ့အချိန်တွေကိုမှတ်ထားပါ ကောင်မလေးရယ် တို့နှစ်ယောက်အတူယုံကြည်စွာတည်ဆောက်မဲ့ ကမ္ဘာ ကိုနင်တစ်ယောက်ဖန်ဆင်းပေးခဲ့ပါ
လို့ မှာရင်း....

သီချင်းလေးရဲ့စကားလုံးတိုင်းက ရင်ကိုလာထိတယ်ဗျာ သီချင်းအလယ်က solo လေးလည်းကောင်းတယ် chorus ကလည်း တော်တော် အော်လို့ကောင်းပါတယ်
သီချင်းလေးကိုခံစားကြည့်လိုက်ပါဦး
သီချင်းစာသားရယူရန်http://db.tt/ydbuOczS  သီချင်းကိုနားဆင်နိုင်ရန်http://db.tt/u7WGErXb

"လေတိုက်တဲ့ညတွေ" တေးဆို-အရိုး

ဒီသီချင်းလေးက အရိုး ရေးပြီး သူကိုယ်တိုင်ပဲဆိုထားတာပါ
သီချင်းကပေးတဲ့ Feeling က စိတ်လေပြီးနောင်တရနေတဲ့ ခံစားမှုမျိုးပါ
ဒီသီချင်းထဲမှာကောင်လေးက နောင်တရစိတ်လေပြီး ညည်းနေတယ် အချိန်ကတော့ ညတစ်ညမှာပါ
 လေတွေကတိုက် ပတ်ဝန်းကျင်မှာတိတ်ဆိတ်ပြီး ကောင်းကင်ကိုကြည့်လိုက်တော့လည်း တိမ်တွေကလွင့်လို့ပေါ့
ကောင်လေးက သူ့ဘဝကြီးကိုတိုးတက်အောင်လုပ်မယ်ဆိုပြီးကြိုးစားဖို့
ကောင်မလေးကိုတောင်ဂရုမစိုက်ဘဲ ထွက်ခွာလာခဲ့ပုံပဲ တစ်နေ့နေ့မှာတော့ အောင်မြင်ရမယ်ဆိုတဲ့မာနနဲ့ပေါ့ ...
 ကြိုးစားသလောက်လည်းအရာမထင် ဆုံးရှုံးမှုတွေကြုံလာတဲ့အခါကျမှ သူနောင်တရလာတယ် သူ့ကိုမျှော်နေမဲ့ချစ်သူ ဆီကိုပြန်ဖို့ အခြေအနေကလည်းမပေးတော့ဘူး
အဲဒီအချိန်မှာ နောင်တတွေနဲ့ပေါ့ တိမ်တွေကလွင့်ပြီးကောင်မလေးရှိရာကိုသွားနေကြပေမယ့်
 ကောင်လေးကတော့ပါမသွားရှာဘူးလေ
ခုချိန်မှာကောင်လေးရင်ထဲမှာ တောင့်တနေတာကတော့
 ကောင်မလေးနဲ့သာပြန်ဆုံရင်တော့ ဆိုတဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်
နောက်ဆုံးကောင်လေးအမြင်မှန်ရသွားပါတယ်  ဘဝဟာတော်ရုံဘဲကောင်းပါတယ် ပိုချင်ရင်တော့ရင်နာရမှာပဲ တဲ့
သူတကယ်ရင်နာနာနဲ့ခံစားနေရတာကိုသီချင်းလေးထဲမှာ နားဆင်ကြည့်နိုင်ပါတယ်
သီချင်းစာသားရယူရန်http://db.tt/kLH0YfG7  သီချင်းနားဆင်နိုင်ရန်http://db.tt/Lz7F45vt

Thursday, August 9, 2012

"နောက်ဆုံးမိနစ်" တေးဆို-အငဲ

မောင်မောင်ဇော်လတ်ရေးပြီး ကိုအငဲ ဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ပါ
သီချင်းအေးအေးလေးတစ်ပုဒ်ပါပဲ
သီချင်းထဲမှာ ကောင်လေးက သူ့ရဲ့နောက်ဆုံးအခြေအနေကိုရောက်နေပြီ

နေလုံးကြီးကလည်းဝင်ခါနီးပြီ ငှက်ကလေးတွေရဲ့သီချင်းဆိုသံကိုလည်းမကြားနိုင်တော့ဘူး
သူအိပ်ပျော်သွားရင် ပြန်မနိုးတော့မှာကိုလည်းကြောက်နေတယ်
သူ့ရဲ့နောက်ဆုံးအချိန် မှာ သူ့ကောင်မလေးဆီက နောက်ဆုံး အနမ်းလေးတွေနဲ့နှစ်သိမ့်ပေးဖို့ သူ့ကိုထွေးပွေ့ထားဖို့ကိုတောင်းဆိုနေတယ်တောင်းဆိုနေတာက သူ့ကောင်မလေးကိုတောင်းဆိုနေတာမဟုတ်ပါဘူး
ကံကြမ္မာကိုတောင်းဆိုနေတာပါ
ဒုတိယ အပိုဒ်မှာ ကောင်လေးရဲ့ဝေဒနာတွေပိုဆိုးလာပြီ
 ကောင်မလေးက သူ့ကိုထွေးပွေ့ထားတောင်မှ သူပြန်စုပ်ကိုင်ဖို့ အားမရှိဘူး ပြန်လွတ်ထွက်မသွားဖို့ကိုမနည်းအားတင်းနေရတယ်

သူအမြင်တွေမှုံဝါးလာပြီ တဲ့ ဒါပေမယ့် မှုံဝါးတဲ့မြင်ကွင်း တွေကြားကနေသူ့ကောင်မလေးမျက်နှာကို မြင်ချင်သေးလို့ ကြိုးစားအားတင်းနေရှာတယ်
သူအိပ်ပျော်သွားရင် ပြန်ပြီးနိုးမနိုးကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး
သူ့ရဲ့ကြေကွဲစရာ "နောက်ဆုံးမိနစ် " လေးကိုနားဆင်ခံစားကြည့်လိုက်ပါဦး
ကိုအငဲက Mood အပြည့်နဲ့ဆိုထားတာဆိုတော့ အရမ်းခံစားရတယ်ဗျာသီချင်းစာသားကိုယူရန်http://db.tt/P3I3nj2I သီချင်းကိုနားဆင်နိုင်ရန်http://db.tt/9yoBbt6Q

"ငါ့ဂီတ ငါ့ဗီဇ" တေးဆို- Wanted

 ငါ့ဂီတ ငါ့ဗီဇ ဆိုတဲ့သီချင်းလေး ကိုကြားဖူးကြမှာပါ
ဒီနေ့လူငယ်တွေအသိများလာတဲ့အဆိုတော် Wanted ရဲ့သီချင်းလေးပါ
သီချင်း လေးက စစချင်းမှာငြင်ငြင်သာသာလေးစထားတယ်ဗျာ
စစချင်းမှာ အေးပေမယ့် သီချင်းဆိုသူရဲ့ရင်ထဲမှာ ပူလောင်နေတယ် သီချင်းရဲ့အဓိပ္ပါယ်က ကောင်လေးနဲ့ကောင်မလေးက အရင်တုန်းက အရမ်းချစ်ခဲ့ကြတယ်
ကောင်လေးရဲ့သီချင်းတွေ ဆိုရင်လည်း ကောင်မလေးက မြတ်မြတ်နိုးနိုးအားပေးနေကျပါ
ကောင်လေးစိတ်ဓာတ်ကျလာရင်လည်းကောင်မလေးက အားပေးနှစ်သိမ့်နေကျလေ စိတ်ချမ်းသာမှုနောက်ကိုလိုက်ရင်းလောကဓံရဲ့ရိုက်ခတ်မှု တွေကိုခံလာရတဲ့အချိန်မှာ
 ကောင်မလေးကပြောင်းလဲလာတယ် ပြောင်းလဲလာတဲ့အခါမှာတော့ ကောင်လေးနဲ့သဘောထားတွေကွဲလွဲ လာတယ်
ကောင်လေးနဲ့တင်းမာလာတယ်
အဲဒီတော့ ကောင်လေးခံစားရတာပေါ့ အဆိုးဆုံးက ကောင်လေးရဲ့ဂီတလို့ခေါ်တဲ့ အနုပညာကိုတိုက်ခိုက်လာတာပါပဲ စွန့်လွှတ်ဖို့ထိဆိုပါတော့
သူနဲနဲလေးမှမထင်မထားတဲ့နေ့တွေကိုရောက်လာပြီ                                      
အဲလိုဖြစ်လာတဲ့အတွက်ကြောင့် ကောင်လေးကဖွင့်ဟ ဟစ်ကြွေးပါတယ်
"ငါ့ကိုမုန်းချင်မုန်းပါဟေ့ ငါ့ကိုပစ်ချင်ပစ်ပါဟေ့ ငါ့ဂီတကိုမထိခိုက်နဲ့ " ဆိုပြီးတော့ပေါ့
စဉ်းစားကြည့်ကြပါဦး သူအရမ်းချစ်တဲ့ကောင်မလေးက သူအရမ်းမြတ်နိုးတဲ့ ဂီတကို စွန်လွှတ်ခိုင်းနေပြီ သူဘယ်လောက်ခံစားရမလဲ
တေးချစ်သူတို့ကြားနေကျ စာသားလေးပါ အဲဒီ စာသားလေးထဲမှာ ရင်နင့်စရာခံစားချက်တွေဘယ်လောက်
ပါနေမလဲ ဆိုတာ ခံစားနားဆင်ကြည့် ကြရင်း ဘဝအမောတွေပြေနိုင်ကြပါစေ
သီချင်းပုံစံက alter ပုံစံလေးပါ နားမယဉ်တဲ့သူတွေ ဆိုရင်တမျိုးကြီးဖြစ်နေတတ်တယ် သီချင်းလေးကခံစားချက်ပါတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်လို့ နားထောင်လေ ကြိုက်လေဖြစ်မှာသေချာပါတယ် ရိုးလည်းရိုးသွားမှာမဟုတ်ပါဘူး သီချင်းစာသားနဲ့ သီချင်းလေးကိုပါ နားထောင်နိုင်ဖို့ လင့်ပါတစ်ခါတည်း တင်ပေးလိုက်ပါတယ် သီချင်းစာသားကိုယူရန်http://db.tt/76q6ktSo  သီချင်းကိုနားဆင်နိုင်ရန်http://db.tt/5qEG8Ga3

သီချင်းတွေကိုခံစားမယ်

ကျွန်တော် လူငယ်လေးတွေကို သီချင်း ကောင်းကောင်းနားထောင်တတ်စေချင်တယ်ဗျာ..
ဘယ်လိုလဲဆိုတော့ ဒီနေ့ခေတ်မှာ အာရုံတွေကများလာတော့ သီချင်း တစ်ပုဒ် ကို သေချာနားထောင်ဖြစ်ဖို့ မလွယ်ပါဘူး..
သီချင်းအမျိုးမျိုး ရှိပါတယ်..
၁-တစ်ချို့သီချင်းတွေက တစ်ခါတည်းနားထောင်ရုံနဲ့တမ်းကြိုက်သွားပြီးလူငယ်တွေ ပါးစပ်ဖျားကို ရောက်သွား တဲ့သီချင်းမျိုးပေါ့
၂-တစ်ချို့သီချင်းတွေက သံစဉ်လေးတွေက ရလွယ်တယ် သံစဉ်ကောင်းတဲ့သီချင်းမျိုး.
၃-တစ်ချို့ သီချင်းတွေက သံစဉ်က နားထောင်ကြည့်ရင် နားထဲကို လျှောလျှောရှုရှု မ၀င်ဘူး လေ
(အဲလိုသီချင်းမျိုးဆိုရင် အများစုက နားမထောင်ဖြစ်တော့ဘူး. ကျော်ပစ်တယ် . ဒါပေမယ့် သေချာနားထောင်ကြည့်မှ နားထဲမှာဆွဲသွားတာမျိုး  နာထောင်ပါများမှ အဓိပါယ်ရှိတာမျိုး..
သီချင်းတွေပေါ့)
၎-တစ်ချို့သီချင်းတွေကတော့ သီချင်းဖြစ်ရင် ပြီးရောဆိုထားတာဗျ
(အဲလိုသီချင်းမျိုးကတော့ ခံစားချက်မပါ.. Mood မပါ တဲ့သီချင်းမျိုး ပေါ့)
သီချင်းက တွေက copy ပဲဖြစ်ဖြစ် own tune ပဲဖြစ်ဖြစ် အနုပညာရှင်တွေရဲ့ အနုပညာ တွေပါနေပါတယ်..
သူတို့ ကသီချင်းတစ်ပုဒ်ကို ဘယ်လို mood နဲ့ဆိုထားတယ်ဆိုတာလည်း ကိုယ်က ခံစားသိရှိဖို့လိုပါတယ်
ကျွန်တော့ရဲ့ bolg မှာ ပြောမယ့် သီချင်းမျိုးကတော့ နံပါတ် ၃ သီချင်းမျိုး တွေကိုပြောချင်တာများပါတယ်..